Future Plans

logoလက်တွဲဖော်စာအုပ်တိုက်က ဘာတွေ စီစဉ်ထားလဲ၊ အတ္တကျော် ဘာစာအုပ်တွေ ထွက်ဦးမှာလဲ၊ ဘာတွေ ရေးနေလဲ စသဖြင့် မေးမြန်းသူတွေအတွက်  လာမယ့် အစီအစဉ်လေးတွေ၊ စိတ်ကူးလေးတွေရယ်ကို အစီရင်ခံပါရစေ။

  • ပထမဆုံးက “ကျွန်းပြန် ပီကင်းပြန်”ဆိုတဲ့ အတ္တကျော်ရဲ့ လက်တွဲဖော်စာအုပ်တစ်အုပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေစိစစ်ရေးဌာနခွဲကို တင်ထားပါတယ်။ သည်နှစ် မကုန်ခင် ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
  • အဲဒါပြီးရင် တက္ကသိုလ်ထွန်းနောင်ရဲ့ “ဆိုခဲ့ရ ကျွန်တော့်ဘ၀ပါဗျာ”ဆိုတဲ့ မြန်မာ့ စတီရီယို ခေတ်ဦး သမိုင်းတစ်စိတ်တစ်ဒေသ စာအုပ်လေးရယ်၊ ဆရာ အက္ခရ (မြေလတ်ဝန်း)ရဲ့ “တောအရပ်က ပြောစမှတ်များ”ရယ်၊ အတ္တကျော်ရဲ့ “တစ္ဆေကို ခဲနဲ့ပေါက်မယ်”ဆိုတဲ့ စာအုပ်ရယ်တို့ကို စာပေစိစစ်ရေးကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။
  • အတ္တကျော်ရဲ့ “ရေဒီယို မှတ်တမ်း”ရယ်၊ “မောဟပြေ ပုံတိုပတ်စများ – ၅” ရယ်၊ “ချစ်သူ့ရင်ခွင် ရှာပုံတော်” ရယ်တို့ကလည်း စာပေစိစစ်ရေး တင်ဖို့ အဆင်သင့်ပါပဲ။ နောက်ထပ်လည်း အဆင်သင့်ဖြစ်နေတဲ့ စာမူ သုံးလေးပုဒ် မက ကျန်ပါသေးတယ်။ ဘာတွေလဲဆိုတာ ကိုယ်တိုင်တောင် သိပ်မမှတ်မိပါ။
  • အတ္တကျော် ဘာတွေ ရေးနေလဲဆိုရင်တော့… ဟုတ်ကဲ့… Blog နှစ်ခု ရေးနေပါတယ်၊ နောက်တစ်ခု ထပ်ဖွင့်ဖို့တောင် စိတ်ကူးနေပါသေးတယ်။ အဲဒါကတော့ မိဘတွေ သားသမီး ထိန်းကျောင်းမှုနဲ့ ပတ်သက်ပြီး အခက်တွေ့ရတာလေးတွေကို ဆွေးနွေးပေးတဲ့ blog လေးတစ်ခုလောက် သတ်သတ် ထပ်ဖွင့်ရင် ကောင်းမလားလို့ တွေးမိလို့ပါ။ (ကျွန်တော့်မှာ အချိန်က ပေါနေတာကျလို့။ တွေးရဲတဲ့ သတ္တိကို ကိုယ့်ဘာသာ နားရင်းအုပ်ပြီး ချီးကျူးရမလို ဖြစ်နေတယ်။) လစဉ်ထုတ် မဂ္ဂဇင်းတွေအတွက် စာမူတွေကို ဖုတ်ပူမီးတိုက် ရေးနေပါတယ်၊ စိတ်ကူးပေါက်တဲ့အခါ ဂျာနယ်တွေအတွက် စာမူအတိုအစတွေ ရေးနေပါတယ်။ စာအုပ်အနေနဲ့ သတ်သတ်ခတ်ခတ် ရေးတယ်ဆိုတာ လုံးလုံး မရှိပါဘူး။ မရှိဆို အပျင်းထူသကိုး။ ဒါဖြင့် စာအုပ်တွေ ဘယ်လိုထွက်သလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့… ကျွန်တော် နှစ်သီးစားပါတယ် ခင်ဗျာ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ရေးရင်း စာမူစုပါတယ်။ အဲတော့ မဂ္ဂဇင်း၊ ဂျာနယ်တွေကနေ စာမူခ တစ်ခါ ရပါတယ်။ ဒါ ပထမ တစ်သီးပါ။ ပြီးတော့ အဲဒါတွေကို စုထုတ်ပါတယ်၊ ထပ်ရပါတယ်။ ဒါက ဒုတိယအသီးပါ။ သီးထပ် သီးညှပ်စိုက်ပျိုးတဲ့ ခေတ်မှာ လူဖြစ်လာရသူပီပီ အဲလို အမြော်အမြင် ကြီးပါတယ်။ အပျင်းထူတာနဲ့လည်း အံကို ကျလို့ပါ။
    • လောလောဆယ် သရဖူ မဂ္ဂဇင်းမှာ “လူလိုလူ”ဆိုတဲ့ အခန်းဆက် ဆောင်းပါး၊  Teen မဂ္ဂဇင်းမှာ “ကိုယ်တိုင်လေ့လာ အင်္ဂလိပ်စာ”ပို့ချချက်၊ Idea မဂ္ဂဇင်းမှာ “မိန်းမသားတို့ သိမ်းထားဖို့”နဲ့ “သုက်ရည်အကျိတ်မြစ်ပွားနာနဲ့ စပ်လျဉ်းတဲ့ အမေး-အဖြေ ၁၀၀”နဲ့ Fashion Image  မဂ္ဂဇင်းမှာ “ဗေဒင်ယုံတဲ့ အီတာလျံ”(ဘာသာပြန်)တို့ကို လစဉ် တင်ဆက်နေပါတယ်။ Beauty M@x မဂ္ဂဇင်းမှာလည်း “စုံစီနဖာ အင်္ဂလိပ်စာ” ဆိုတာ တင်ဆက်လျက်ပါ။

      ဂလောက်ဆိုရင်တော့ သိချင်သူတွေ အာသာပြေလောက်ပြီ ထင်ပါတယ်နော်။ အခုလို လာရောက်ကြည့်ရှုအားပေးတဲ့အတွက် အတိုင်းမသိအောင် လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ နောက်လည်း မကြာ မကြာ လာလည်ကြပါနော်။

      ကြည်ရွှင်လန်းဆန်းကြပါစေ

      အတ္တကျော်နဲ့ လက်တွဲဖော်

      14 thoughts on “Future Plans”

      1. ဆရာ့blogကိုသမီးမကြာမကြာ လာလည်ပါတယ်။

        အကြိမ်တသိန်းမှာ ဆရာ့စကားကိုနားထောင်တာ ဒီတကြိမ်ပါဆိုရင် နှစ်ကြိမ်ရှိပါပြီ။

ှထာဝရနားထောင်ရန်ကြိုးစားလျှက်….

        သမီး မအိမ့်။

      2. ဆ၇ာေ၇ လုပ်ပါဗျ ကျွန်တော်ပြောတဲ.ချစ်သူ၇င်ခွင်၇ှာပုံတော်လေးစာအုပ်ပြန်ထုပ်ပေးပါဆိုတာ သ၇ဖူမဂ္ဂဇင်းအဟောင်းတွေကလဲလိုက်၇ှာလို.မ၇တော.
        ပြန်ဖတ်ချင်တာဖတ်မ၇ဘူးဖြစ်နေတယ် ဒါမှမဟုတ်လဲBeauty M@x မဂ္ဂဇင်းမှာအဲ.ဒိဟာကိုပြန်ေ၇းပါလား
        မထုတ်ဖြစ်တော.ဘူးဆိုလဲဆ၇ာ၇ယ် ဆ၇ာအမာခံပ၇ိတ်သတ် ကျွန်တော်.ကို ဆ၇ာ. စာမူebook ပေးဖတ်ပါလားဗျာ
        တောင်းဆိုတာပါဗျာဖတ်ကြည်.ချင်လွန်းလို.ပါ ဆ၇ာစာအုပ်တော်တော်များများ စာအုပ်ဆိုင်မှာမတင်တာတွေအကုန်ဝယ်ဖတ်ဖြစ်ပါတယ်
        စားများများဆက်ေ၇းနိုင်ပါစေ ဆ၇ာ

        1. သည်းခံ တကာလေး… သည်းခံ… “ချစ်သူ့ရင်ခွင်ရှာပုံတော်”က ထွက်လာမှာပါ။ ဘယ်တော့မှန်းသာ မသိတာ။ ထုတ်မယ်စိတ်ကူးပြီး ရုံးတင်ဖို့ စာပြန်စစ်တဲ့အခါ မထုတ်ချင်သလိုဖြစ်ဖြစ်နေတယ်ဗျ။

          1. မှန်ပါတယ်၊မထုတ်သင့်ပါဘူးဆရာ၊မဂ္ဂဇင်းမှာအခန်းဆက်ရေးခဲ့တာတောင်တော်တော်စိတ်မောရပါတယ်၊နာမည်ကြီးမင်းသားကအပြင်မှာဆေးလိပ်မသောက်တာကိုလူမသိပါဘူး၊သူ့ရုပ်ရှင်ထဲကဆေးလိပ်သောက်တဲ့အိုက်တင်ကိုသာလူတွေကခိုက်ကြတာမျိုးမို့ဆရာခုတ်ရာတခြားရှရာတလွဲဖြစ်မှာစိုးမိပါတယ်။

      3. စာအုပ်အငှာဆိုင်မှာမတင်တာတွေနဲ. ၀ယ်သိမ်းထာသင်.တယ်လို.ယူဆတာတွေကိုပြောတာပါ စာအေ၇းမှာသွာတော.နောက်တယ်ထင်နေမှာစိုးလိုပါ

      4. “ဘလော့ဂါတစ်ယောက်ရဲ့ မှတ်တမ်းများ” ဒီစာအုပ်ကို ထုတ်ဝေဖို့ သဘောကျပါတယ်ဆရာ.. ကောင်းပါတယ် ဆရာ့စာတွေကို အမြဲတမ်း အားပေးနေပါတယ်…

      5. ဆရာ ရေးခဲ့တဲ့ ဘဝတူရိယာ (မောဟပြေပုံတိုပတ်စများ) စာအုပ်ကိုအရမ်းကြိုက်တယ်……..
        ဒီစာအုပ်ကိုဖတ်ပြီး ပြုပြင်သင်တာကို ပြုပြင်ပြီး လူတွေနဲ့ဆက်ဆံရာမှာအဆင်ပြေမူရှိလာပြီး
        ပြောင်လဲသောဘဝနဲ့ အနာဂတ်ပန်းတိုင်းကိုလျှောက်လှမ်းဖို့ ခွန်အားနဲ့ အသိပညာတွေတိုးတက်လာတယ်
        ဒီနေ့ထက်ထိ ပြန်ပြန်ဖတ် နေတာအကြိမ်ကြိမ်ပါပဲ
        ဆရာပေးခဲ့ ရေးခဲ့တဲ့အသိတရားတစ်ခုဟာ ကျွန်တော့အတွက်တော့အရမ်းကို တန်းဖိုးမဖြတ်နိုင်အောင်ပါပဲ
        ဒီနေ့မှမမြှော်လင့်ပဲ ဆရာနဲ့ဆက်သွယ်ခွင့်ရခဲ့တယ် အရမ်းကိုဝမ်းသာမိတယ်
        ကိုယ့်ဘဝကို အမြဲအားငယ်နေပြီး အနာဂတ်ဆိုတာမရေရာ မသေးချာ တတ်ထားတဲ့ပညာနဲ့ လုပ်နေရတာကတခြားစီ အမြဲစိတ်ညစ်နေခဲ့ပေမဲ့ ဆရာစာအုပ်ထဲမှာပါတဲ့ ဆရာရေးခဲ ပေးခဲ့တဲ့
        ဘဝတူရိယာ ……. တယောဆရာလေး သူလုပ်နှိင်တာကို အကောင်းဆုံးလုပ်သွားတာကို ဖတ်ရတော့ စိတ်ထဲမှာ ကို့ကိုယ်ပြောမိတယ် ငါအရမ်းကိုကံကောင်းပါတယ် အချိမ်မီသိလိုက်လို့ အခုဆိုရင် စိတ်ဓာတ်နဲ့ အပြုအမူနဲ့ အလုပ်အကိုင်တွေမှာတိုးတက်မှုတွေးရှိလာတယ်… နောက်ထွက်မဲ့ စာအုပ်နံပါတ်(၅)ကိုတော့မြန်မာပြည်ရောက်မှ ဖတ်ဖြစ်မယ်ထင်တာပဲ ဆရာစာအုပ်ကိုဒီမှာရှာရတာမလွယ်ဘူး။
        အသစ်မဖတ်ရပေမဲ့ ဆရာရေးခဲ့တဲ့ ဘဝတူရိယာစာအုပ်ဟာ ကျွန်တော့အတွက် အမြဲမရိုးနိုင်တဲ့ အမြဲပဲ အားတဲ့အခါတိုင်း
        ပြန်ပြန်ဖတ်မိနေတဲ့ စိတ်ဓာတ်နဲ့ ဘဝတက်လမ်းကို ပြခဲ့တဲ့ အလင်းရောင်ပါပဲ။ ဒီ ဘဝတူရိယာ လေးကို အမြဲပဲ တသက်လုံး သိမ်းထားမှာပါ
        အခွင့်အရေးများရှိခဲ့ရင် ဆရာဆီက အတွေ့အကြုံးတွေးနဲ့ စကားတွေကိုကြားချင်းပါတယ် ဆရာ
        ဘုရားရှင် ဆရာကိုအမြဲပဲကောင်းချီးမင်္ဂလာများ သွန်းလောင်းပြီးတော့ လိုအင်းဆန္ဒများနဲ့ ကျန်းမာသောဘဝနဲ့ မိသားစုနဲ့အတူ လာမယ့်နှစ်သစ်မှာ လူငယ်တွေအတွက် အကောင်းဆုံး လမ်းညွန်းမူပေးနိုင်တဲ့ စာအုပ်များရေးနိုင်ပါစေ လို့ အမြဲ့ဆုတောင်းပေးနေမှာပါ။

        စာရေးတာ အမှားပါရင်ခွင့်လွှတ်ပေးပါဆရာ

        လေးစာစွာဖြင့်

        မောင်မောင်စိုး

      6. ရေဒီယိုမှတ်တမ်းဆိုတာ Mandalay F.M က ဆရာ့ရဲ့ အစီအစဉ်ကို ပြောတာလားဆရာ….

        1. ဟုတ်ပါတယ်။ အခုတော့ အဲဒါ တော်တော်နဲ့ ထုတ်ဖြစ်မယ် မထင်တော့ပြန်ဘူး။ ခါတိုင်းလို နှစ်သီးမစားဘဲ အဲဒါကျတော့ သုံးသီးစားဖြစ်သွားလို့ပါ။ ကျွန်တော့်စာအုပ်အတော်များများက စာအုပ်အဖြစ် ရေးဖြစ်တာ မရှိသလောက် နည်းပါတယ်။ အာရှသားများ စဉ်းစားနိုင်စေတို့၊ ဟစ်သာငိုတော့ ချစ်တိုင်းပြည်တို့၊ ဗေဒင်ယုံတဲ့ အီတာလျံတို့လို ဘာသာပြန် အရှည်တွေတောင်မှ ဂျာနယ်/မဂ္ဂဇင်းမှာ အရင် အခန်းဆက် ဖော်ပြရင်း တစ်သီးစားတယ်ဗျာ၊ ပြီးတော့ လုံးချင်း ထုတ်ရင်း တစ်သီးထပ်စားတော့ နှစ်သီးစားဖြစ်သွားတယ်။ အခု Mdy FM က ဟာတွေကျတော့ ရေဒီယိုမှာ တစ်သီး၊ မဂ္ဂဇင်းမှာ တစ်သီး စားလက်စ ဖြစ်သွားပြီ။ လုံးချင်း တစ်သီးက နောက်ထပ် ၁၄-၅ လလောက်နေမှ စားဖြစ်တော့မယ် ထင်ပါရဲ့ဗျို့။ 😛

      7. ချစ်သူ့ရင်ခွင်ရှာပုံတော်ဆိုတာ သမီးတို့ငယ်ငယ်တုန်းက သရဖူမှာရေးခဲ့တဲ့ အခန်းဆက်ဆောင်းပါတွေ မဟုတ်လား… တစ်ခု၊ နှစ်ခုလောက်ပဲ မှတ်မိတော့တယ်… အမှတ်မိဆုံးက ဆရာ့သမီးနဲ့သား မွေးတဲ့အကြောင်းရေးခဲ့တဲ့လပဲ….

      8. သူလိုကိုဃ်လိုမောင်ဝဏ္ဍကိုဆက်ထုတ်ဖြစ်မဖြစ်သိပါရစေခင်ဗျ

        1. ဟုတ်ကဲ့… ဆက်ထုတ်ချင်လှပါတယ်။ ဒါပေမယ့် လက်ရှိ စာအုပ်ဈေးကွက်အနေအထားအရ မရဲတော့ပါဘူး။ ခုကာလမှာ ထုတ်ဝေသူတွေက ရန်ကုန်ပတ်လည် အုပ်ရှစ်ဆယ်လို့တောင် ညည်းနေရတဲ့အချိန် ဖြစ်တာမို့ စာအုပ်လောကကြီးက သွက်သွက်ခါနေပါတယ်။ လုံးချင်းလောကဟာ မကြာခင်မှာ ဗုံးဗုံးလဲတော့မလားလို့တောင် ကြောင့်ကြနေမိပါပြီ။

      9. ဆရာ
        ကိုယ်​တိုင်​​လေ့လာEngနဲ့စုံနဖာစီကိုစာအုပ်​ထုတ်​ပါအုံး။အစဉ်​အား​ပေးလျှက်​ပါ။

      Leave a reply to Aung Hein Cancel reply