About



Lettwè Baw Books

Current

ခင်နှင်းယုရဲ့ ရင်မှပွင့်သော
မိုးထိအောင် လှေကားထောင်နည်း

Bala_Final

ThuLoKoLo3



“Lettwè Baw” means a companion. Everybody needs good company most of the time, and we believe books are the best company anyone can take. On the bus, at the railway station or on a train, in a subway, at the airport, and any public place, sitting alone on a bench and doing nothing but gawking about may be quite immodest and tend to lose one’s composure. But reading a book, any book, in these situations can really help upkeep a person’s modesty. With this in view, we name our publishing house “Lettwè Baw”–the Companion.

In our website you will see books we have already published, especially of our house’s author Atta Kyaw. Many readers may be fully aware that Lettwè Baw has been founded by Atta Kyaw himself. So on this blog, you may also learn about him and have a chance to contact him personally.

Readers of Lettwè Baw Books or books of Atta Kyaw know that we personally take good care of our customers, and this blog is another attempt in doing so.

If you have any comments, suggestions, feedback, or questions please feel free to leave comments.

Excerpts in correlated pages are reproductions from already-published books officially permitted by the Press Scrutiny Division under the Ministry of Information of the Government of the Union of Myanmar.

The views expressed in the essays are the personal views of the author and do not in any way represent the views of any other person or persons, group, organisation, or affiliation.

မင်္ဂလာပါ စာဖတ်သူ လူကြီးမင်းအပေါင်းတို့ ခင်ဗျား

လက်တွဲဖော်စာအုပ်တိုက်ရဲ့ ဘလော့(ဂ်)အဖြစ် “ခင်နှင်းယုရဲ့ ရင်မှပွင့်သော” နဲ့ “အတ္တကျော်ရဲ့ မိုးထိအောင် လှေကားထောင်နည်း” စတဲ့ လက်တွဲဖော်စာအုပ်သစ်များကို စတင်ဖြန့်ချိတဲ့ ၂၀၀၉ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ  စတင်ဖန်တီး မိတ်ဆက်ခဲ့ပါတယ်။ သားဖြစ်သူ IADCS ကျောင်းတော်သားကြီးကို အကူအညီတောင်းလို့ မရတဲ့အတွက်  ဘလော့(ဂ်)ဆိုတာ တစ်ခါမှ မလုပ်ဖူးရှာသေးတဲ့ “အတ္တကျော်”ကိုယ်တိုင်က သည်ဘလော့(ဂ်)ကို မတတ်တတတ်နဲ့ ရမ်းသမ်းပမ်းသမ်း စွတ်ရွတ် ဖန်တီးထားတာမို့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ မလွဲမသွေ ရှိနေပါလိမ့်မယ်။ ဒါ့ကြောင့် အကြံပြုချက်များ၊ ဝေဖန်ချက်များကို လိုလိုချင်ချင် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါရစေလား။

ဒါ့အပြင် အတ္တကျော်/ဆူဒိုနင်ရဲ့ ထုတ်ဝေပြီး စာအုပ်များ/အရေးအသားများနဲ့ ပတ်သက်ပြီးတော့လည်း ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ ပြောချင် ဆိုချင်တာလေးတွေကိုပဲဖြစ်ဖြစ် ရေးသားသွားကြမယ်ဆိုရင်လည်း ကျေးဇူးတတင် ဖတ်လိုက်စမ်းချင်လှပါတယ်။

သည်ဘလော့(ဂ်)ကို တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံလေး ဖြစ်သွားအောင် ကြံဆ ဖန်တီးသွားမယ့်အကြောင်း တင်ပြရင်းနဲ့ စာဖတ်သူ လူကြီးမင်းအပေါင်း မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြပါစေလို့ ဆုမွန်တောင်းလိုက်ကြောင်းပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၀၅၀၈၀၉)

ဖြည့်စွက်ပြောလိုတာကတော့

ကနေ့ဆိုရင် သည်ဘလော့(ဂ်)ရဲ့ သက်တမ်းက တစ်လခွဲ ရှိပြီမို့ တင်ထားတဲ့ ပို့(စ်)တွေလည်း အတော်များနေပါပြီ။ တစ်နည်းပြောရင် ဖတ်စရာ တစ်ပုံတစ်ပင် အစုံအလင် ရှိနေပြီဖြစ်ကြောင်းပါ။ ဒါ့အပြင် သည်ဘလော့(ဂ်)ရဲ့ အမြွာ ညီအစ်မ ဘလော့(ဂ်)ကိုလည်း http://lettwebaw.mylovecafe.com မှာ ဖွင့်ထားကြောင်းပါ။ သည် ဘလော့(ဂ်)ကို အ၀င်ရ ခက်သူများအတွက်လည်း အဆင်ပြေ၊ အသံတွေ၊ ရုပ်ရှင်တွေလည်း တင်လို့ ရနိုင်တဲ့ ဘလော့(ဂ်)မျိုးလည်းဖြစ်နေတာကြောင် အခုလို တင်ထားခြင်းပါပဲ။

အားပေးနေကြသူအပေါင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လှပါတယ်ခင်ဗျား။

လေးစားစွာ

အတ္တကျော်

(၀၅၀၈၀၉)

9 thoughts on “About”

  1. ဆရာ့ရဲ့ စာအုပ်တွေကို အွန်လိုင်းမှာ ဖတ်လို့ရပါလား။

    1. တချို့ကတော့ forever က တင်ထားတာရှိတယ်။ ရှေ့ပိုင်းက စာအုပ်တွေပေါ့။ ဒါပေမယ့် ပိုက်ဆံပေးမှ ရတယ် ထင်တယ်။ ကျန်တာတော့ မရှိဘူးခင်ဗျ။

  2. ဆရာရဲ့စာအုပ်တွေအရမ်းကောင်းပါတယ်.. အခုလိုပွင့်ပွင့်လင်းလင်းနဲ့ ပြောရဲရေးရဲတဲ့

    ဆရာ့လိုလူမျိုးပေါ်လာတဲ့အတွက် ၀မ်းသာမိပါတယ်.. လူတိုင်းက အဲ့ကိစ္စကို စိတ်ဝင်စား

    ကြတာပါပဲဆရာ ၊ ဒါပေမဲ့မပြောရဲမဆိုရဲ နဲ့ကျိတ်ပီးသာ စိတ်ဝင်စားနေကြတာပါပဲဆရာ..

    သမီးလည်းအိမ်ထောင်ရှင်တစ်ယောက်ပါ.. သမီးကလက်ထပ်ထားတာသိပ်မကြာသေး

    တော့ အဲ့အပိုင်းမှာ သိပ်ပီးတော့ပြသာနာမတွေ့ရသေးပါဘူးဆရာ.. ဆရာ နဲ့ ဆွေးနွေး

    ထားတာတွေ ကိုဖတ်ရတော့ ဆရာ့ကို အရမ်းလေးစားမိပါတယ်..

    ဆရာ့စာအုပ်တွေလည်း ၀ယ်ဖတ်ဖြစ်ပါတယ်… နောက်ကိုဆရာအခုထက်ပိုပီး

    စိတ်ကူးသစ် အကြံသစ်များနဲ့ ဆက်လက်အောင်မြင်သွားပါစေလို့ ဆုတောင်းပေးပါတယ်….

  3. ဆရာဘလောက်ကိုလာလည်သွားပါတယ် တော်တော်ပြည့်ပြည့်စုံစုံရေးသားထားတဲ့အတွက် ခဏခဏ လာလည်ရမဲ့ဘလောက်လေးတခုပါ

  4. ဆရာ့ကိုဆက်သွယ်လို့ရမည့် email address သိချင်ပါတယ်ရှင်

  5. ဆရာ့ ဆိုက်က စာတွေနဲ့ ဟောပြောပွဲတွေကို ကျွန်တော့ ဆိုက်မှာ ပြန်တင်ထားတယ် ခွင့်ပြုနော် တင်ပြီးမှ ခွင့်တောင်းတာတော့ မဟုတ်ပါဘူး …. ခွင့်တောင်းဖို့က အခုမှ သတိရလို့ …..

    1. ရပါတယ်ဗျာ။ ခွင့်တောင်းတာကိုပဲ လေးစားလှ ကျေးဇူးတင်လှပါပြီ။ သုံးပါ ခင်ဗျ။

  6. Hi,
    Sayar, how are you?
    My name is Lin Thant. I am from Mandalay.I am 17 years old.(date of birth is 3.8.1994).
    My height is 5’6″x7″.So,can I get more height than now? If so, which medicine will I take.And which physical exercise will I do?And what do I eat to support growing taller?Please,answer my question?If you answer it ,please write only in Myanmar.Thanks a lots.

Leave a reply to mrbooker2002 Cancel reply